Pa-Auk Tawya Meditation Centre (Pyin Oo Lwin)
Tat-Oo Dhamma Yeiktha (Extended)
  .  .  .  .  .  .  .   .  .  .  .  .  .  .
Meditator / Visitor Registration

           
Register  (Step 1)
I am a new applicant.
Login  (Step 2)
I had registered.
(Application တင်နည်းလမ်းညွှန် Guide for application procedure)
Email
Date of Birth
  
Re-entry Email
Re-entry Date of birth
   

Gender
Verification Code
5615
Re-entry Gender
Entry Verification Code

Country

Re-entry Country
PC Mode |  Mobile Mode

Link To : Pa-Auk Tawya University (Manmyodaw)
အသိပေးကြေငြာချက်
ရက်စွဲ၊ ၁၃၈၁ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် (5 March 2020)
မန္တလေးတိုင်း‌ဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ
(၁) ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (တပ်ဦးဓမ္မရိပ်သာ၊ တိုးချဲ့)၊ ကျင်ဂနိုင်၊
(၂) ဖားအောက်တောရ တပ်ဦးဓမ္မရိပ်သာ၊ ကျောက်ဖျာဒိုး၊
(၃) မန်းမြို့တော် ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်၊ ကျောက်ဖျာဒိုး ဤကျောင်းတိုက်များတွင်

ယောဂီများလက်ခံခြင်းကို COVID-19 ဗိုင်းရပ်စ်ရောဂါ ကင်း‌ဝေးပပျောက်ချိန်ထိ ယာယီရပ်ဆိုင်းခြင်းနှင့်
၂၀၂၀ ခုနှစ်အတွက် သင်္ကြန်တရားစခန်း ကျင်းပခြင်း မပြုတော့ပါကြောင်း အသိပေးကြေငြာခြင်း

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်း‌ကြောင်းဆိုင်ရာရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ အရှိန်အဟုန်ဖြင့် ဆက်လက် ပြန့်ပွားနေခြင်းကြောင့်လည်းကောင်း၊ ကူးစက်ခံရပြီး ရောဂါလက္ခဏာပြသည်အထိ ရောဂါပျိုးရက်သည် ရက်အနည်းငယ်မှ ရက်သတ္တပတ် နှစ်ပတ် သုံးပတ်ထိ ကြာနိုင်ပြီး ကူးစက်ခံရမှန်းမသိမီ အခြားသူများသို့ ဆက်လက် ကူးစက်နိုင်ခြင်းကြောင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရောဂါကာကွယ်ရေးအတွက် လူစုလူဝေးများကို ရှောင်ကြဥ်ရန် စသော သတိပေးထုတ်ပြန်ထားချက်များကို လိုက်နာခြင်းအားဖြင့်လည်းကောင်း၊ အကယ်၍ ဤဌာန၌ ကူးစက်ရောဂါ ဖြစ်ပွားလာပါက ထိန်းချုပ်ရန် ခက်ခဲခြင်းကြောင့်လည်းကောင်း၊ ဗိုင်းရပ်ရောဂါ ကူးစက်ခံရပါက လူငယ် လူလတ်များအဖို့ ပြန်လည် ကောင်းမွန်နိုင်သော်လည်း အားနည်းသော လူကြီးများအတွက်မူ အသက်အန္တရာယ် စိုးရိမ်ရသည်ဆိုခြင်းကြောင့်လည်းကောင်း၊ သင်္ကြန်တရားစခန်းကျင်းပခဲ့သော် လူစုလူ‌ဝေးဖြစ်ပြီး အကယ်၍ ကူးစက်မှုဖြစ်ပွားပါက ကုသိုလ်တရားများမပွားများနိုင်ဘဲ အားလုံး ကိုယ်စိတ်ဆင်းရဲကြရမည်ဖြစ်သောကြောင့်လည်းကောင်း ထိုထိုသော အခြေအနေအရပ်ရပ်ကို ဆင်ခြင်သုံးသပ်ကာ တာ၀န်ရှိသူများ ညှိနှိုင်းစည်းဝေးတိုင်ပင်ဆုံးဖြတ်၍ ယောဂီများလက်ခံခြင်းကို ဤကူးစက်ရောဂါ ကင်း‌ဝေးပပျောက်ချိန်အထိ ရပ်ဆိုင်းထားပါကြောင်းနှင့် လာမည့် သင်္ကြန်တရားစခန်းကို ကျင်းပမည် မဟုတ်တော့ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
ယောဂီသူတော်စင် ပရိသတ်အပေါင်းတို့၏ နားလည်လက်ခံပေးမှုကို အထူး ကျေးဇူးတင်ပါသည်။ ကျောင်းတွင်းကျောင်းပ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကင်း‌ဝေးစွာဖြင့် ကုသိုလ်တရားများ ဆည်းပူးပွားများနိုင်ကြပါစေ‌ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

သံဃနာယကအဖွဲ့နှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့
ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (တပ်ဦးဓမ္မရိပ်သာ၊ တိုးချဲ့)၊ ကျင်ဂနိုင်,
ဖားအောက်တောရ တပ်ဦးဓမ္မရိပ်သာ၊ ကျောက်ဖျာဒိုး,
မန်းမြို့တော် ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်၊ ကျောက်ဖျာဒိုး,
ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်း‌ဒေသကြီး
-------------------
Zawgyi Font
အသိပေးကြေငြာချက်






======================================================
***** Temporary Suspension of Retreat**************************************
Application for the retreat has been temporary suspended for all.

With regards to the Coronavirus outbreak in China, the Most Venerable Pa-Auk Tawya Sayadawgyi and the Saṅgha have been sending mettā and sharing merits to all and wish for the control of the disease outbreak. Sayadawgyi hopes that everyone can take care of themselves and be free from any danger.

While Sayadawgyi is accepting meditators from all over the world, reliable screening has not been available, and many Myanmar hospitals are still insufficient in many aspects and need to be upgraded. At present, the Myanmar government is strict with foreigners who show signs of illness. Affected patients can only be isolated or requested to send home.

As such, for the common safety of all, application for a retreat has been temporarily suspended for all.

May we all send Mettā and share merits to all beings
May they all be free from physical and mental suffering.

Board of Administration
Pa auk Tawya Pyin Oo Lwin

************暂停所有报名申请*************************************************
美缪帕奥禅林暂停接受所有禅修者的申请。
中国的新冠状病毒暴发,帕奥西亚多及其僧团一直在散播慈心和分享功德,希望疫情得以控制。 西亚多也希望每个人都能照顾好自己,免受任何危险。

虽然帕奥西亚多接受来自世界各地的禅修者,但尚无可靠的方法来检查病疫,同时,许多缅甸医院在许多方面仍然不足,乃需改进。目前,缅甸政府对于显示疾病迹象的外国人采取严格措施。患者只能被隔离或被要求送回家。

因此,为了所有人的共同安全,禅林暂停所有的报名申请。

愿我们都散播慈心,并分享功德给一切众生
愿他们都摆脱身心的痛苦。

禅林行政委员会
美缪帕奥禅林
********************************************************************************
------------------------------------------------------------------------------

Unicode:
********


----------------

Zawgyi:
*********
Application တင်နည်းလမ်းညွှန် Guide for application procedure

အောက်ပါ Linkမှာ Application တင်ပါ။
https://paauksociety.org/IPTS/Introduction.html

Internet ဖွင့်ထားပြီး အထက်ပါ link ကို နှိပ်၍ websiteသို့ ဝင်ပါ။ Website သို့ ဝင်ပြီးဖြစ်ပါက
Menu ဘားမှာ \"Application\" ကို ဆက်နှိပ်ပါ။ Click hereကို နှိပ်ပါ။ Step 1 ကို ဖြည့်ပြီး Submit(တင်ပြပါ)ကို နှိပ်ပါ။
ပြီးလျှင် အီးမေးရောက်လာပါလိမ့်မည်။ (Step 2 ကို ဆက်မသွားမီ မိမိအီးမေးကို စစ်ပါ။)
အီးမေးနှင့် ပို့လာသော passcode နံပါတ်ကို ကူးယူလာပြီး (သို့) မှတ်သားပြီး websiteသို့ ပြန်သွားကာ Step 2 ကို နှိပ်ပါ။
မိမိ၏ အီးမေးဖြည့်ပါ။ ကူးလာတဲ့ passcode ကို ထည့်ပါ။ submit(တင်ပြပါ)ကို နှိပ်ပါ။
လျှောက်လွှာဖြည့်ရန် page ပေါ်လာပါမယ်။
လျှောက်လွှာဖြည့်ပြီး submit(တင်ပြပါ)ကို နှိပ်ပါ။
လျှောက်လွှာရရှိကြောင်းအီးေ မးတစ်စောင်ပြန်ရောက်လာပါမည်။ (လာခွင့်ပြုခြင်း မဟုတ်သေးပါ။)
လာခွင့်ရပါက လာခွင့်ရကြောင်း Approval အီးမေးတစ်စောင် ထပ်ပို့လာပါလိမ့်မည်။
Approval အီးမေး ရောက်မလာသေးပါက လာလို့မရသေးပါ။ ဆက်လက်စောင့်ဆိုင်းရန်ဖြစ်ပါသည်။
----------------
ကိုယ်စားတင်ပေးခြင်း

အီးမေးရှိသူတစ်ဦးတည်းက အခြားသူများအတွက်လည်း တင်ပေးနိုင်ပါသည်။ ထိုသို့ တင်ပေးလိုပါက Step 2တွင် အထက်ဘယ်ဘက်ရှိ Menuကိုနှိပ်ပါ။ \"Apply for my Friends\" ကို နှိပ်ပါ။\" Male or Female (ကျား/မ) မှန်အောင် ရွေးပေးပါ။
===========================================
===========================================

Unicode:
********


Check in the spam folder or Update folder or Promotion folder or Trash Folder (it may be in Spam/Update/Promotion/Trash folder) (Those folders must be set \"sync messages\" in Email Settings>Manage labels>.)

Zawgyi
******
အခက်အခဲ ဖြေရှင်းနည်း Troubleshooting

Step 1 တင်ပြီးနောက် အီးမေးဖြင့် လှိူ့ဝှက်နံပါတ် ရောက်မလာသော် သို့မဟုတ် အခြားအခက်အခဲများရှိခဲ့သော် အောက်ပါအချက်များအနက် တစ်ခုခုကို ဆောင်ရွက်ကြည့်ပါ။ If you do not receive a password by email or if you have some difficulties, please do one of the followings.

1) မိမိရိုက်ထည့်သော အီးမေးမှန်မမှန် ပြန်စစ်ဆေးပါ။ Check whether the email you typed is correct or not.
2) အီးမေးသည် Spam Folderထဲ သို့မဟုတ် Update folderထဲ သို့မဟုတ် Promotion folder ထဲ သို့မဟုတ် Trash Folder ထဲရောက်နေတတ်ပါသည်။ Check in the spam folder or Update folder or Promotion folder or Trash Folder (it may be in Spam/Update/Promotion/Trash folder) (Those folders must be set \"sync messages\" in Email Settings>Manage labels>.)
3) အခြား အင်တာနက် Browser တစ်ခုခု ပြောင်းသုံးကြည့်ပါ။ Try again from a different browser.
4) အခြားHandphone/computer ပြောင်းသုံးကြည့်ပါ။ Try from other devices.
5) အခြားအီးမေးဖြင့် ပြန်တင်ကြည့်ပါ။ Try with a ​different email address.